26 February 2026 _____ MOHT , NPT.
ခရီးသွားလုပ်ငန်းကော်မတီ (၁/၂၀၂၆) ကြိမ်မြောက် အစည်းအဝေးအား ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၅) ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ၊ တာဝန်ရှိသူများနှင့် တတ်သိပညာရှင်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါအစည်းအဝေးသည် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍအား နိုင်ငံတကာအဆင့်မီ စနစ်တကျ ပြန်လည်ဦးမော့လာစေရန်နှင့် ၂၀၂၆ ခုနှစ်အတွက် မဟာဗျူဟာမြောက် ရည်မှန်းချက်များ ခိုင်မာစွာ ချမှတ်နိုင်ရေးရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များသည် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိကကဏ္ဍမှ အကြံပြုချက်များ အား အသီးသီး တင်ပြခဲ့ကြသည်။
အဆိုပါ အစည်းအဝေးသို့ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဒုတိယဥက္ကဌ၊ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် တက်ရောက်၍ အဖွင့်အမှာစကား မြွက်ကြားခဲ့ပြီး ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။