4 February 2026 _____ MTF
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ ဖွဲ့စည်းပုံအခြေခံစည်းမျဥ်း ပြင်ဆင်ရေးဆွဲခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယမန်နေ့ နံနက် (၁၀)နာရီတွင် အဖွဲ့ချုပ်ရုံး၌ ကျင်းပရာ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများ၊ အလုပ်အမှုဆောင်များ၊ ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ပထမဦးစွာ အစီအစဥ်အရ အဖွဲ့ချုပ် ဥက္ကဋ္ဌမှ အဖွင့် အမှာစကားပြောကြားခြင်း၊ Destination Management Organization (DMO)နှင့် Tourism Board of Myanmar (TBM) ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးတင်ပြခြင်း၊ Elite 11 Group မှ စီစဥ်ကျင်းပမည့် Yangon Heritage Night Run 2026 တွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ Co-organizer အဖြစ် ပူးပေါင်းဆောင်ရွက်ပေးပါရန် ကမ်းလှမ်းလာသည့်ကိစ္စအား ရှင်းလင်းတင်ပြခြင်း၊ ဆက်လက်ပြီး ဖွဲ့စည်းပုံ အခြေခံစည်းမျဥ်းပြင်ဆင်ရေးဆွဲခြင်းဆိုင်ရာ ကိစ္စရပ်များအား အပြန်အလှန် ညှိနှိုင်းဆွေးနွေးခြင်း၊ အထွေထွေဆွေးနွေးခြင်းအစီအစဥ်တွင် တက်ရောက်ကြသူများမှ လိုအပ်သည်များ အကြံပြုဆွေးနွေးကြပြီး အဖွဲ့ချုပ် ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးအား ညနေ (၄)နာရီတွင် ရုတ်သိမ်းလိုက်သည်။

