6 March 2026 _____ Hybrid Meeting
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ အလုပ်အမှုဆောင်အဖွဲ့ (အ-၁၁/၂၃-၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ၂၀၂၆ ခုနှစ်၊ မတ်လ (၆) ရက်နေ့၊ နေ့လယ်(၁) နာရီတွင် Hybrid စနစ်ဖြင့် ကျင်းပရာ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှုးနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ်အမှုဆောင်များ၊ အခြားဖိတ်ကြားထားသော ခရီးသွားလုပ်ငန်းတတ်သိပညာရှင်အကြံပေးတို့ တက်ရောက်ခဲ့ကြသည်။
အစီအစဥ်အရ ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ အဖွဲ့ချုပ်၏ ဘဏ္ဍာရေး အခြေအနေအား ဘဏ္ဍာရေးမှူး မှ ရှင်လင်းတင်ပြခြင်း၊ ယခင်အလုပ်အမှုဆောင် အစည်းအဝေးများ၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ရန်ကျန်ရှိသော အခြေအနေများအား ဖတ်ကြားတင်ပြခြင်း၊ စတုတ္ထအကြိမ်မြှောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေး (AGM) ကျင်းပနိုင်ရေးဆိုင်ရာ ကိစ္စရပ်များဆွေးနွေးခြင်း၊ နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးတွင် အဖွဲ့ချုပ်ဖွဲ့စည်းပုံအခြေခံစည်းမျဥ်း(မူကြမ်း)အား အတည်ပြုနိုင်ရေးကိစ္စဆွေးနွေးခြင်း၊ ညီနောင်အသင်းများက သက်ဆိုင်ရာအသင်းအလိုက် လှုပ်ရှားဆောင်ရွက်မှုများ တင်ပြဆွေးနွေးခြင်း၊ အမြဲတမ်းကော်မတီများက သက်ဆိုင်ရာကော်မတီအလိုက် လှုပ်ရှားဆောင်ရွက်မှုများတင်ပြခြင်း၊ အထွေထွေဆွေးနွေးခြင်းအစီအစဥ်တွင် တက်ရောက်လာကြသူများမှ လိုအပ်သည်များ အကြံပြုဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအား ညနေ (၄)နာရီတွင် ရုတ်သိမ်းလိုက်သည်။