၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ ၂၅ မှ ၃၀ရက် _______________ ကျိုက္ကစံဘောလုံးကွင်း၊ ရန်ကုန်မြို့။
မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းမှ ကြီးမှူးကျင်းပသော သွေးချင်းတို့ရဲ့ပွဲတော်ဆီ ဖွင့်ပွဲအခမ်းအနားနှင့် တိုင်းရင်းသားပေါင်းစုံပါဝင်သော ကချင်ရိုးရာမနောအကပွဲတော် အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ဒုတိယဥက္ကဌတို့ တက်ရောက်ခဲ့ပါသည်။
သွေးချင်းတို့ရဲ့ပွဲတော်အား ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ ၂၅ မှ ၃၀ ရက်နေ့အထိရန်ကုန်မြို့၊ ကျိုက္ကစံဘောလုံးကွင်းတွင် တိုင်းရင်းသားလူမျိုးတို့၏ ဓလေ့ရိုးရာ စားသောက်ဆိုင်များ၊ အဝတ်အထည်များ၊ လက်မူပစ္စည်းများ၊ ခရီးသွားပြခန်းများနှင့် တိုင်းရင်းသားပေါင်းစုံပါဝင်သော ကချင်ရိုးရာမနောအကများဖြင့် နေ့စဉ် ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။