11 February 2026 ____ Hybrid Meeting
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် MITT Moscow-2026 နိုင်ငံတကာခရီးသွားပြပွဲသို့ နိုင်ငံကိုယ်စား တက်ရောက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ (၁၁) ရက်နေ့ ညနေ (၃) နာရီတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပခဲ့သည်။ အဆိုပါပြပွဲသို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF) မှ ဦးဆောင်၍ ပုဂ္ဂလိက ခရီးသွားလုပ်ငန်းကုမ္ပဏီများ ပါဝင်ပြသသွားနိုင်ရေး ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင် အဖွဲ့ချုပ် ဥက္ကဋ္ဌမှ အမှာစကား ပြောကြားပြီး —
• ပြပွဲတက်ရောက်ရေး လုပ်ငန်းစဉ်များ
• ဘဏ္ဍာရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ကိစ္စရပ်များ
• ပြခန်းနေရာ၊ အပြင်အဆင်နှင့် မြန်မာ့ယဉ်ကျေးမှု ပြသနိုင်ရေး
• ပြပွဲ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဧည့်ခံကျွေးမွေးရေး
• နိုင်ငံတကာပြပွဲတွင် ဘာသာစကားအခက်အခဲ မရှိစေရန် ကျွမ်းကျင် ဘာသာပြန်များ ထားရှိရေး
• ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့  ဖွဲ့စည်းသွားရေး စသည့် အချက်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
တက်ရောက်လာသူများမှလည်း လိုအပ်သည်များအား အကြံပြုဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ညနေ (၄:၃၀) နာရီတွင် ရုတ်သိမ်းခဲ့သည်။