Loading

10 May 2024 _____________ Wydham Grand Hotel, Yangon
တရုတ်နိုင်ငံတွင် မြန်မာနိုင်ငံအကြောင်း ကျယ်ကျယ်ပြန်ပြန့် သိရှိနိုင်ရန်အတွက် ယူနန်ပြည်နယ်မှ ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များ၊ Media များနဲ့ Tour Operator များ ပါဝင်သော ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ် (Familiarization Trip- FAM Trip)
ကြိုဆိုညစာစားပွဲအခမ်းအနားအား ၂၀၂၄ ခုနှစ်၊ မေလ (၁၀) ရက်နေ့ ညနေ (၆း၃၀)တွင် Wyndham Grand Hotel ၌ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ဥက္ကဌ၊ ဒုတိယဥက္ကဌများ၊ အထွေထွေအတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ မြန်မာ-တရုတ် ယဥ်ကျေးမှုနှင့်ခရီးသွားမြှင့်တင်ရေးအဖွဲ့မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အခြားဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် အဖွဲ့ချုပ် ဥက္ကဋ္ဌမှ ခရီးစဥ်မှာလိုက်ပါလာကြသော ယူနန်ပြည်နယ်မှ မိတ်ဆွေများအားလုံးကို “မင်္ဂလာပါ”လို့ ဦးစွာပထမ ပြောကြားလိုပါကြောင်း၊ FAM Trip ခရီးစဥ်တလျှောက်မှာ မိတ်ဆွေတို့ ကြုံတွေ့ရရှိလာမဲ့ လေ့လာတွေ့ရှိချက်၊ အတွေ့အကြုံများကို အပြုသဘောဆောင်တဲ့ အကြံပြုချက်များအဖြစ် မျှဝေပေးပါလို့ ပြောကြားလိုပါကြောင်း၊ အဆိုပါအကြံပြုချက်များမှတဆင့် မြန်မာနိုင်ငံသို့ တရုတ်ခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်နိုင်ရေးကို အထောက်အကူပြုမယ်လို့ မျှော်လင့်ပါကြောင်း၊ တမူထူးခြားတဲ့ယဥ်ကျေးမှုနှင့် သဘာဝ အမွေအနှစ်ကို အခြေခံသည့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို နှစ်နိုင်ငံ ပူး‌ပေါင်းဆောင်ရွက်နိုင်ပါစေကြောင်းနဲ့ အတွေ့အကြုံကောင်းများစွာနဲ့ ပျော်ရွင်ဖွယ် FAM Trip ခရီးစဥ်ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပြီး မြန်မာ့ရိုးရာ အကပဒေသာများနှင့်အတူ ညစာဖြင့် တည်ခင်းဧည့်ခံကာ အမှတ်တရဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။