06 June 2024 _______ Hybrid Meeting
၂၀၂၄ ခုနှစ်၊ ဇွန်လ (၆) ရက်နေ့၊ နံနက် (၁၁း၀၀) နာရီတွင် ခရီးသွားကဏ္ဍရှိ လုပ်ငန်းများမှ ရရှိလာသော ဝင်ငွေများရရှိမှုနှင့် သုံးစွဲမှု အခြေအနေများနှင့်စပ်လျဥ်၍ ညှိနှိုင်းအစည်းအဝေးအား ကျင်းပရာ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် လက်ရှိလုပ်ငန်း လည်ပတ်နေသော ခရီးသွားကဏ္ဍရှိ လုပ်ငန်းများမှ ရရှိလာသော ဝင်ငွေရရှိမှုနှင့် သုံးစွဲမှုများတွင် ကြုံတွေ့နေရသည့် အခက်အခဲ အခြေအနေများအား ကောက်ယူပြုစု၍ သက်ဆိုင်ရာသို့ တင်ပြနိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြသည်။