22 December 2025 ______ Hybrid Meeting
ခရီးသွားကဏ္ဍ MSMEs လုပ်ငန်းများဆပ် ကော်မတီ (Tourism Sector MSMEs Sub Committee) ၏ (၁/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယမန်နေ့ နေ့လယ် (၁)နာရီတွင် Hybrid စနစ်ဖြင့်ကျင်းပရာ ကော်မတီဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ (၁/၂၀၂၅) ဦးဆောင်အဖွဲ့(Core Group)လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်များတင်ပြခြင်း၊ Terms of Reference (TOR) အတည်ပြုခြင်း၊ Strategic Plan (2025–2028) အတည်ပြုခြင်း၊ Sub Committee အဖွဲ့ဝင်များဖြင့် Working Groups ဖွဲ့စည်းခြင်း၊ ကော်မတီအဖွဲ့ဝင်များမှ ပေးပို့လာသော အကြောင်းအရာများ ဆွေးနွေးခြင်း၊ သက်ဆိုင်ရာအသင်းများမှ ဆွေးနွေးတင်ပြခြင်း ၊ အထွေထွေဆွေးနွေးခြင်းအစီအစဥ်တွင် တက်ရောက်ကြသူများမှ လိုအပ်သည်များ အကြံပြုဆွေးနွေးကာ အစည်းအဝေးအား မွန်းလွဲ (၃)နာရီတွင် ရုပ်သိမ်းလိုက်သည်။