Loading

28 August 2024 _________ Virtual Meeting
၂၀၂၄ ခုနှစ်၊ သြဂုတ်လ (၂၈) ရက်၊ နေ့လယ် (၂း၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့သော ခရီးသွားပြပွဲကျင်းပရေးလုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေးသို့ ပြပွဲကျင်းပရေးလုပ်ငန်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဦးဆောင်ပြီး နိုင်ငံတကာခရီးသွားပြပွဲတခု ကျင်းပနိုင်ရေးအတွက် ပြပွဲအမည်ရွေးချယ်ခြင်းနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခြင်း၊ ခန့်မှန်းကျင်းပနိုင်မည့် ပြပွဲရက်နှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခြင်း၊ ပြပွဲစီစဉ်ရေးလုပ်ငန်းစဥ်များနှင့် ဘတ်ဂျက်ဆိုင်ရာ ကိစ္စရပ်များ ညှိနှိုင်းဆွေးနွေးကြပြီး ရလဒ်များအား အလုပ်အမှုဆောင်အစည်းအဝေးတွင် တင်ပြသွားနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။