Loading

05 September 2024 _________ Hybrid Meeting
ခရီးသွားပြပွဲကျင်းပရေးလုပ်ငန်းအဖွဲ့ ဘဏ္ဍာရေးကော်မတီ၏ (၂/၂၀၂၄)လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်၊ နေ့လယ် (၃)နာရီခွဲတွင်ကျင်းပရာ ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ပထမဦးစွာ ဘဏ္ဍာရေးကော်မတီ ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ခရီးသွားပြပွဲကျင်းပရေးလုပ်ငန်းအဖွဲ့မှ နိုင်ငံတကာခရီးသွားပြပွဲကျင်းပနိုင်ရေးနှင့်စပ်လျဥ်း၍ လက်ရှိအခြေအနေများအပေါ်အခြေခံပြီး ကြုံတွေ့လာနိုင်သည့် စိန်ခေါ်မှုများနှင့်ပတ်သက်၍ ဆွေးနွေးခြင်း၊ ခရီးသွားပြပွဲအပြင် အခြားဘဏ္ဍာငွေတိုးပွားရရှိရေးအတွက် ဆက်လက်လုပ်ဆောင်သွားမည့် လုပ်ငန်းများနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးခြင်း၊ အထွေထွေဆွေးနွေးခြင်းအစီအစဥ်တွင် တက်ရောက်သူများမှ ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး အစည်းအဝေးအား ညနေ(၅)နာရီတွင် ရုတ်သိမ်းခဲ့သည်။