21 July 2025 _____ Hybrid Meeting
ငလျင်ဘေးဒဏ်ခံစားခဲ့ရသည့် ဒေသများအတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဦးဆောင်ရေးဆွဲသည့် ခရီးသွားလုပ်ငန်းပြန်လည်ထူထောင်ရေး စီမံကိန်းများနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးအား ဇူလိုင်လ (၂၁)ရက်နေ့ နေ့လည်(၂)နာရီတွင် ကျင်းပရာ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ လေ့ကျင့်ရေးနှင့် သင်ကြားရေးဌာနခွဲ ညွန်ကြားရေးမှုး၊ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများ၊ အလုပ်အမှုဆောင်များ၊ ညီနောင်အသင်းများမှ တာဝန်ရှိသူများ ခရီးသွားလုပ်ငန်းတတ်သိပညာရှင်များတက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ငလျင်ဘေးဒဏ်ခံစားခဲ့ရသည့် ခရီးသွားလုပ်ငန်းဒေသများ၏ ပြန်လည်ထူထောင်ရေးအတွက် စီမံကိန်းများချမှတ်ရေးဆွဲပြီး သက်ဆိုင်ရာသို့ ဆက်လက်တင်ပြသွားနိုင်ရေး သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် တက်ရောက်လာကြသူများမှ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

