24 July 2025 _____ Hybrid Meeting
ညောင်ပင်သာကျေးရွာအား ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း (Community Base Tourism -CBT) ဖော်ဆောင်ရေး ဦးဆောင်ဆပ်ကော်မတီဖွဲ့စည်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးအား နေ့လည် (၂)နာရီတွင် ကျင်းပရာ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဗဟိုအလုပ်အမှုဆောင်များ၊ အဖွဲ့ချုပ် ဘေးအန္တရာယ်တုံ့ပြန်ရေးလုပ်ငန်းအဖွဲ့  ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ၊ ညီနောင်အသင်းများမှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ CBT ကျွမ်းကျင်ပညာရှင်များ၊ အခြားဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ မတည်မှုဖြင့် ညီနောင်အသင်းများ၊ ပြင်အလှူရှင်များ၏ ပူးပေါင်းပါဝင်လှူဒါန်းမှုဖြင့် ပြန်လည်တည်ဆောက်ခဲ့သော ညောင်ပင်သာကျေးရွာအား  စံပြကျေးရွာအဖြစ်ရွေးချယ်ပြီး ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း (Community Base Tourism -CBT) ဖော်ဆောင်ရေး ညွှန်ကြားလာသည့်အတွက် ဦးဆောင်ဆပ်ကော်မတီဖွဲ့စည်းနိုင်ရေး တက်ရောက်လာကြသူများမှ ဝိုင်းဝန်းအကြံပြုဆွေး‌နွေးကြပြီး ကနဦး ဆပ်ကော်မတီ အမည်စာရင်းများအား ရွေးချယ်အတည်ပြုခဲ့ကြသည်။