March 29, 2025 _______ UMFCCI, Yangon
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် တတိယအကြိမ်မြောက် အသင်းသားစုံညီ အစည်းအဝေးအား ၂၀၂၅ ခုနှစ်၊ မတ်လ (၂၉) ရက်နေ့ နံနက်(၉း၃၀)နာရီတွင် မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၌ ကျင်းပခဲ့ရာ ပထမဦးစွာ အခမ်းအနားမစတင်မီ မတ်လ (၂၈)နေ့တွင် ဖြစ်ပွားခဲ့သော ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် ဝမ်းနည်းခြင်းအနေဖြင့် တစ်မိနစ်ငြိမ်သက်ခဲ့ကြပြီး အခမ်းအနားအား ဆက်လက်ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ တတိယအကြိမ်မြောက် အသင်းသားစုံညီအစည်းအဝေး သဘာပတိ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ ဦးရန်ဝင်းမှ မှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်း မှ အမှာစကားပြောကြားခြင်း၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးသန်းထွဋ်မှ ၂၀၂၃-၂၀၂၅ နှစ်ပတ်လည်အစီရင်ခံစာအား ဖတ်ကြားတင်ပြခြင်း၊ ပြင်ပစာရင်းစစ် Royal Partners Audit Firm (Professional Accounting, Auditing and Tax Clearance Services)မှ စာရင်းစစ်အစီရင်ခံစာကို ဖတ်ကြားတင်ပြခြင်း၊ ၂၀၂၃-၂၀၂၅ နှစ်ပတ်လည်အစီရင်ခံစာနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် နှစ်ချုပ်ငွေစာရင်းရှင်းတမ်းအား တက်ရောက်လာကြသူများမှ အတည်ပြုခြင်း၊ တတိယအကြိမ်မြောက် အသင်းသားစုံညီ အစည်းအဝေးဖြစ်မြှောက်ရေးအတွက် ပံ့ပိုးကူညီသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်း၊ ဆက်လက်ပြီး နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ မကျည်းပင်ကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာ ပြန်လည်ထူထောင်ရေးစီမံကိန်းနှင့် ပတ်သက်၍ ဆောင်ရွက်ဆဲ အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့်စပ်လျဥ်း၍ လုပ်ငန်းအဖွဲ့ခေါင်းဆောင် ဦးမျိုးသွင် မှ ရှင်းလင်းတင်ပြခြင်း၊ ရေဘေးသင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ညောင်ပင်သာကျေးရွာပြန်လည်ထူထောင်ရေးစီမံကိန်း၌ ပါဝင်လှူဒါန်းထားသည့် အလှူရှင်များအား တာဝန်ရှိသူများမှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်း၊ သဘာပတိ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားပြီး ဧည့်သည်တော်များ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် အသင်းသားများ မှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးကြပြီး မွန်းလွဲ (၁၂း၃၀)တွင် တတိယအကြိမ်မြောက် အသင်းသားစုံညီ အစည်းအဝေးအား အောင်မြင်စွာ ရုတ်သိမ်းခဲ့သည်။
ညနေပိုင်းတွင် Pan Pacific Hotel ၌ကျင်းပပြုလုပ်ခဲ့သော ဂုဏ်ပြုညစာစားပွဲနှင့် ထူးချွန်ဆုပေးပွဲ အခမ်းအနားအား ဆက်လက်ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ၊ဒုတိယဥက္ကဠများ နှင့် အလုပ်အမှုဆောင်များ အခြားဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ခဲ့ကြပါသည်။ အဖွဲ့ချုပ် ထူးချွန်ဆုရွေးချယ်ရေးဘုတ်အဖွဲ့ ဥက္ကဠ ဒေါက်တာ လူမွန်မှ ဆုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် ဂုဏ်ပြုထူးချွန်ဆုများအား တာဝန်ရှိသူများမှ ပေးအပ်ကာ အမှတ်တရဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေး မှတ်တမ်းဓါတ်ပုံများ

 

 

      

ဂုဏ်ပြုညစာစားပွဲနှင့် ၂၀၂၄ခုနှစ် ထူးချွန်ဆုပေးအပ်ပွဲအခမ်းအနား