Loading

29 September 2024 _______ Virtual Meeting
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ ‌ဘေးအန္တရာယ်တုံ့ပြန်ရေးလုပ်ငန်းအဖွဲ့ (MTF Disaster Response Task Force) ၏ တတိယအကြိမ် ဘေးအန္တရာယ်တုံ့ပြန်ရေးလုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေးအား ယမန်နေ့နံနက် (၁၀း၃၀)နာရီတွင် အွန်လိုင်းစနစ်ဖြင့်ကျင်းပရာ အဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် အဖွဲ့ခေါင်းဆောင် ဦးမျိုးသွင်မှ နှုတ်ဆက်စကားပြောကြားခြင်း၊ ဒုတိယအကြိမ် သွားရောက်လှူဒါန်းခဲ့သည့် အတွေ့အကြုံများနှင့် ပတ်သက်၍ ဒုတိယအဖွဲ့ခေါင်းဆောင် ဒေါ်အေးသီတာမိုးမှ ရှင်းလင်းတင်ပြခြင်း၊ ပြန်လည်ထူထောင်ရေးကာလ မြေပြင်အခြေအနေများနှင့် လိုအပ်ချက်များအား မြေပြင်တာဝန်ခံ (နေပြည်တော်)ဦးသိန်းထွေးမှ ရှင်းလင်းတင်ပြခြင်း၊ အိမ်ယာများပျက်စီးပြီး နေထိုင်ရန်အခက်အခဲရှိနေသူများအတွက် တတ်အားသရွေ့ လူနေအိမ်များ လှူဒါန်းသွားနိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်း၊ ဘေးအန္တရာယ်တုံ့ပြန်ရေးလုပ်ငန်းအဖွဲ့၏ ရေဘေးကာလ ကောက်ခံရရှိထားသော အလှူငွေရရှိမှုနှင့် လှူဒါန်းပြီး အလှူငွေစာရင်းအား ရှင်းလင်းတင်ပြခြင်း၊ ရှေ့ဆက်ဆောင်ရွက်သွားမည့် အစီအစဥ်များနှင့်ပတ်သက်၍ တက်ရောက်လာကြသူများမှ ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး အစည်းအဝေးအား နေ့လယ် (၁၂)နာရီတွင် ရုတ်သိမ်းခဲ့သည်။