Loading

24 July 2024 _______ Hybrid System
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ( 24 ) ရက်နေ့၊ နံနက် (၁၀း၃၀) နာရီတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ ဒစ်ဂျစ်တယ်စီးပွားရေးကော်မတီ (၃/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းဝေးအား Hybrid စနစ်ဖြင့် ကျင်းပရာ ကော်မတီ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ကြပြီး အစီအစဥ်အရ ကော်မတီ ဥက္ကဋ္ဌမှ နှုတ်ခွန်းဆက် စကားပြောကြားခြင်း ယခင်ကျင်းပခဲ့သော(၂/၂၀၂၄) အစည်းအဝေး၏ ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ပြီးစီးမှုနှင့် ပတ်သက်၍ တင်ပြဆွေးနွေးခြင်း၊ Smooth Travel နှင့်ဆွေးနွေးခဲ့သော အသင်းဝင်ဖြစ်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခြင်း၊ Digital Marketing လုပ်ငန်းများ လျှင်မြန်စွာ အကောင်အထည်ဖော်ရန် ကျွမ်းကျင်သော ပြင်ပ Marketing Agency များနှင့် တွေ့ဆုံဆွေးနွေးနိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်း၊ Digital Marketing အတွက် ကုန်ကျမည့် ခန့်မှန်း Budget ‌ရေးဆွဲပြီး ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးသို့ တင်ပြနိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်းနှင့် အထွေထွေဆွေးနွေးခြင်းအစီအစဥ်အတွင် တက်ရောက်လာသူများမှ လိုအပ်သည်များ အကြံပြုဆွေးနွေးကြပြီး အစည်းအဝေးအား နေ့လယ်(၁၂း၃၀)နာရီတွင် ရုတ်သိမ်းခဲ့သည်။