Loading

09 October 2024 _____ Hybrid Meeting
ဒစ်ဂျစ်တယ်စီးပွားရေးကော်မတီ အစည်းအဝေး (၄/၂၀၂၄) အား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၉) ရက်၊ မွန်းလွဲ (၃) နာရီတွင် Virtual စနစ်ဖြင့် ကျင်းပရာ ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌမှ နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ ယခင်အစည်းအဝေး (၃/၂၀၂၄)၏ ဆောင်ရွက်ပြီး လုပ်ငန်းများနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများအား ဖတ်ကြားတင်ပြခြင်း၊ Marketing and promotion လုပ်ငန်းများလုပ်ဆောင်နိုင်ရန် လက်ရှိအမြဲတမ်းကော်မတီဖြစ်သည့် ဒီဂျစ်တယ်စီးပွားရေးကော်မတီမှ စျေးကွက်ရှာဖွေရေးနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးကော်မတီဟု အမည် ပြောင်းလဲပြီး သက်ဆိုင်ရာညီနောင်အသင်းများမှ Marketing အတွေ့အကြံရှိသူများပါဝင်နိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်း၊ ဒစ်ဂျစ်တယ်စီးပွားရေးကော်မတီအတွက် လျှောက်ထားလာသည့် Internship များအား စိစစ်ပြီး ခန့်ထားနိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်း၊ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးလုပ်ငန်းများတွင် အသုံးပြုနေသည့် Domain များ သက်တမ်းတိုးနိုင်ရေးအတွက် ကုန်ကျစရိတ်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးခြင်း၊ ကော်မတီ၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဥ်များနှင့်ပတ်သက်၍ ညိနှိုင်းဆွေးနွေးခြင်း၊ တက်ရောက်ကြသူများမှ လိုအပ်သည်များအား အကြံပြုဆွေးနွေးကြပြီး အစည်းအဝေးအား ညနေ (၄)နာရီတွင် ရုတ်သိမ်းလိုက်သည်။