29 December 2025 ______ Hybrid Meeting
ဒစ်ဂျစ်တယ်စီးပွားရေးကော်မတီ (၂/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယမန်နေ့ နေ့လယ် (၂)နာရီတွင် Virtual စနစ်ဖြင့်ကျင်းပရာ ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် လာမည့်နှစ်အတွက် အသုံးပြုမည့် ဘတ်ဂျက်များ ကြိုတင်ရေးဆွဲ၍ ကော်မတီ၏ လုပ်ငန်းရပ်များ ယခုနှစ်ထက် ပိုမိုလုပ်ဆောင်နိုင်ရန်အတွက် ညှိနှိုင်းဆွေးဖို့ အစည်းအဝေးခေါ်ယူခြင်းဖြစ်ပါကြောင်း ဦးစွာပြောကြားပြီး ဘတ်ဂျက်ရေးဆွဲရာတွင် လိုအပ်သည်များပါဝင်နိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်း၊ ဒစ်ဂျစ်တယ်စီးပွားရေးကော်မတီအနေဖြင့် ခရီးသွားလုပ်ငန်းကော်မတီနှင့် သက်ဆိုင်ရာဝန်ကြီးဌာန အစည်းအဝေးများတွင် ခရီးသွားဧည့်သည်များ များလာသည့်အချိန်တွင် အဆင်သင့်ဖြစ်စေရန် “Visitor Management System” နှင့်ပတ်သက်၍ အကြံပြုဆွေးနွေးတင်ပြခဲ့မှုတို့အား အဖွဲ့ဝင်များအား ရှင်းလင်းတင်ပြခြင်း၊ မြန်မာခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ဖြစ်စေရန် Myanmar Tourism Apps ရေးဆွဲထားသော J MAX Co., Ltd. မှ တာဝန်ရှိပုဂ္ဂိုလ်များအား လက်ခံတွေ့ဆုံရေး ကိစ္စရပ်များအပါအဝင် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်သူများမှ လိုအပ်သည်များ အကြံပြုဆွေးနွေးခဲ့ကြသည်။

