August 24, 2023 _________ MTF (Hybrid)
ဒုတိယအကြိမ်မြှောက် အလုပ်အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲကျင်းပခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့နံနက် ၁၀ နာရီတွင် အဖွဲ့ချုပ်ရုံးနှင့် Onlineမှ (Hybrid) ကျင်းပရာ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌ၊ ဗဟိုအလုပ်မှုဆောင်များနှင့် အဖွဲ့ဝင်များ၊ ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ၊ အဖွဲ့ချုပ်အသင်းဝင်များ တက်ရောက်ခဲ့ကြသည်။
အဖွဲ့ချုပ်ဥက္ကဌမှ အဖွင့်အမှာစကားပြောကြားပြီး အသင်းသားရေးရာစိစစ်ရေးကော်မတီ အတွင်းရေးမှုးမှ အသင်းဝင်ရရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခြင်း၊ အဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူးမှ ဒုတိယအကြိမ်မြှောက် ရွေးချယ်တင်မြှောက်ပွဲကျင်းပရေးနှင့်စပ်လျဥ်း၍ လုပ်ငန်းအစီအစဥ်များအား ရှင်းလင်းတင်ပြဆွေးနွေးခြင်း၊ ညီနောင်အသင်းများနှင့် တက်ရောက်လာသူများမှ လိုအပ်သည်များ အကြံပြုဆွေးနွေးခဲ့ကြပါသည်။