Loading

4 March 2024 __________ MTF
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၈-၃၀ ရက်နေ့များတွင် ရန်ကုန်မြို့၊ အင်းလျားကန်ဟိုတယ်ဝင်းအတွင်းရှိ Yangon Convention Center တွင် Silver Sea International Ltd က ကျင်းပသွားမည့် “မြန်မာ့ အစားအသောက်၊ ဟိုတယ်၊ စားသောက်ဆိုင်နှင့် ကဖေးဆိုင်ရာပြပွဲ” “Food & Beverage Myanmar / HoReCa Myanmar 2024 ပြပွဲ ကူညီပံ့ပိုးရေးဆိုင်ရာ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် Silver Sea International Ltd တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးပွဲအခမ်းအနားအား ယနေ့ နံနက် (၁၀း၃၀)နာရီတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၌ ကျင်းပရာ အဖွဲ့ချုပ်မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ Silver Sea International Ltd. မှ အုပ်ချုပ်မှုဒါရိုက်တာနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အပြန်အလှန် လက်မှတ်ရေးထိုးခဲ့ကြသည်။