20 May 2025 __________ MTF
၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၇ မှ ၂၉)ရက်နေ့ထိ ရန်ကုန်မြို့၊ အင်းလျားကန်ဟိုတယ်ဝင်းအတွင်းရှိ Yangon Convention Center တွင် Silver Sea International Ltd က ကျင်းပသွားမည့် “မြန်မာ့ အစားအသောက်၊ ဟိုတယ်၊ စားသောက်ဆိုင်နှင့် ကဖေးဆိုင်ရာပြပွဲ” “Food & Beverage Myanmar / HoReCa Myanmar 2025 ပြပွဲ ကူညီပံ့ပိုးရေးဆိုင်ရာ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် Silver Sea International Ltd တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးပွဲအခမ်းအနားအား ယနေ့ မွန်းလွဲ (၁)နာရီတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၌ ကျင်းပရာ အဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ Silver Sea International Ltd. မှ အုပ်ချုပ်မှုဒါရိုက်တာနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အပြန်အလှန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြသည်။