Loading

24 July 2024 _____ Hybrid Meeting
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်၊ နေ့လယ် (၁း၀၀) နာရီတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ နိုင်ငံတကာဆက်ဆံရေးနှင့် ရင်းနှီးမြှုပ်နှံမှုကော်မတီ(၂/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး Hybrid စနစ်ဖြင့် ကျင်းပရာ ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
အစီအစဥ်အရ ကော်မတီ ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ နိုင်ငံတကာသံရုံးများသို့ တရားဝင်စာပေးပို့ပြီး သြဂုတ်လထဲတွင် တွေ့ဆုံနိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်း၊ ‌ASEAN Tourism Association (ASEANTA)တွင် အသင်းဝင်လျှောက်ထားမှု အခြေအနေနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခြင်း၊ ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်နေသည့် မြန်မာ့လက်မှု အမှတ်တရပစ္စည်းများ တစ်နေရာထဲတွင် ပစ္စည်းမှန်၊ စျေးနှုန်းမှန်ဖြင့် ရောင်းချနိုင်မည့် Small Center များအတွက် နေရာ ပံ့ပိုးပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်း၊ အထွေထွေဆွေးနွေးခြင်းအစီအစဥ်တွင် တက်ရောက်ကြသူများမှ လိုအပ်သည်များအား အကြံပြုဆွေးနွေးကြပြီး အစည်းအဝေးအား နေ့လယ် (၂)နာရီတွင် ရုတ်သိမ်းခဲ့သည်။