Loading

25 July 2024 _______ Hybrid Meeting
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၂၅) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့/ စီမံခန့်ခွဲရေးကော်မတီ (ဗစ-၅/ ၂၃-၂၆) အစည်းအဝေးအား Hybrid စနစ်ဖြင့် ကျင်းပရာ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ အခြားဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ခဲ့ကြသည်။
အစီအစဥ်အရ အဖွဲ့ချုပ် ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ အဖွဲ့ချူပ်၏ လစဥ်အသုံးစရိတ်နှင့် လက်ကျန်ငွေ ဘဏ္ဍာရေးရှင်းတမ်းအား ဘဏ္ဍာရေးမှူးမှ ရှင်းလင်းတင်ပြခြင်း၊ ယခင်ဗဟိုအလုပ်အမှုဆောင်အဖွဲ့/စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲအခြေအနေများအား ရုံးအဖွဲ့မှူးမှ ဖတ်ကြားတင်ပြခြင်း၊ အဖွဲ့ချုပ်၏ အမြဲတမ်းကော်မတီများမှ သက်ဆိုင်ရာကော်မတီအလိုက် လှုပ်ရှားဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ အထွေထွေဆွေးနွေးခြင်းအစီအစဥ်တွင် တက်ရောက်လာသည့် ဗဟိုအလုပ်အမှုဆောင်များမှ အခြားအရေးကြီးကိစ္စရပ်များအား သီးခြားတင်ပြဆွေးနွေးကြပြီး လိုအပ်သည်များ အကြံပြုဆွေးနွေးကာ အစည်းအဝေးအား နေ့လယ် (၂း၃၀)တွင် ပြီးဆုံးခဲ့သည်။