Loading

8 November 2024 _______ Hybrid Meeting
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့/စီမံခန့်ခွဲရေးကော်မတီ (ဗစ-၇ ၂၃-၂၆)လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့နံနက်ပိုင်း (၁၀)နာရီတွင် Hybrid စနစ်ဖြင့်ကျင်းပရာ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဗဟိုအလုပ်အမှုဆောင်များနှင့် ခရီးသွားလုပ်ငန်း တတ်သိပညာရှင် အကြံပေးတို့ တက်ရောက်ခဲ့ကြသည်။
အစီအစဥ်အရ အစည်းအဝေးသဘာပတိ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ အဖွဲ့ချုပ်၏ ဘဏ္ဍာရေးရှင်းတမ်းအား ဘဏ္ဍာရေးမှူးမှ ရှင်းလင်းတင်ပြခြင်း၊ ယခင်ဗဟိုအလုပ်အမှုဆောင်အဖွဲ့/စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးများ၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲအခြေအနေများအားဖတ်ကြားတင်ပြခြင်း၊ ဆက်လက်၍ တက်ရောက်လာကြသူများမှ ခရီးသွားလုပ်ငန်းကော်မတီတွင် ပုဂ္ဂလိက အသင်းအဖွဲ့ကိုယ်စားလှယ်အနေဖြင့် အဖွဲ့ချုပ်မှ ကိုယ်စားလှယ် (၁)ဦး အစားထိုးပြောင်းလဲနိုင်ရန် ဆွေးနွေးခြင်း၊ အခမ်းအနားများနှင့် ပွဲတော်များအတွက် ဘဏ္ဍာငွေသုံးစွဲမှုများနှင့်ပတ်သက်၍ တင်ပြဆွေးနွေးခြင်း၊ Myanmar Tourism Master Plan ပြန်လည်ရေးဆွဲနေခြင်းနှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ခရီးသွားလုပ်ငန်း တတ်သိပညာရှင် အကြံပေးမှ ရှင်းလင်းတင်ပြခြင်း၊ ထိုသို့ရေးဆွဲရာတွင် အသုံးပြုမည့် ခန့်မှန်းကုန်ကျစရိတ်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခြင်း၊ ဘေးအန္တရာယ်တုံ့ပြန်ရေးလုပ်ငန်းအဖွဲ့မှ ရေဘေးအလှူခရီးစဥ်များအတွက် လုပ်ငန်းလည်ပတ်မှုကုန်ကျစရိတ်နှင့်ပတ်သက်၍ အဖွဲ့ခေါင်းဆောင်ကိုယ်စား ဒေါ်အေးသီတာမိုးမှ ရှင်းလင်းတင်ပြခြင်း၊ အထွေထွေဆွေးနွေးခြင်းအစီအစဥ်တွင် တက်ရောက်လာကြသူများမှ ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးအား မွန်းလွဲ (၂း၃၀)နာရီတွင် ရုတ်သိမ်းလိုက်သည်။