19 May 2025 ________ MTF
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ ဘဏ္ဍာရေးကော်မတီနှင့် စီမံကိန်းဦးဆောင်ဆပ်ကော်မတီ၏ (၁/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့ နံနက် (၁၁)နာရီတွင် Hybrid စနစ်ဖြင့်ကျင်းပရာ ဘဏ္ဍာရေးကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများ၊ အတွင်းရေးမှုးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးအတွင် ဘဏ္ဍာရေးကော်မတီ ဥက္ကဋ္ဌမှ နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ အဖွဲ့ချုပ်အလုပ်အမှုဆောင်အဖွဲ့ (အ-၇/၂၃-၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးအရ ဘဏ္ဍာရေးကော်မတီနှင့် စီမံကိန်းဦးဆောင်ဆပ်ကော်မတီတို့၏ အစည်းအဝေးဆုံးဖြတ်ချက်နှင့် စပ်လျဥ်း၍ ဆွေးနွေးခြင်း၊ Costal Tourism နှင့် Cruise Tourism ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သင်္ဘောဟောင်းများကို အသုံးပြု၍ ခရီးသွားလုပ်ငန်း လုပ်ဆောင်ရန်အလို့ငှာ စီးမံကိန်းဦးဆောင်ဆပ်ကော်မတီမှ ဖြစ်နိုင်ခြေဆန်းစစ်မှုကို ဦးစွာဆောင်ရွက်ပြုလုပ်ရန် ဆွေးနွေးခြင်း၊ ခရီးသွားလုပ်ငန်းကဏ္ဍအတွက် Solar နှင့် EV ကားများ တင်သွင်းနိုင်ရေး လိုအပ်သည်များကို စီမံကိန်းဦးဆောင်ဆပ်ကော်မတီမှ တာဝန်ယူဆောင်ရွက်ရန် ဆွေးနွေးခြင်း၊ အထွေထွေဆွေးနွေးခြင်းအစီအစဥ်တွင် တက်ရောက်လာကြသူများမှ ဘဏ္ဍာငွေရရှိရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး အစည်းအဝေးအား မွန်းလွဲ (၂း၃၀)နာရီတွင် ရုတ်သိမ်းခဲ့သည်။