Loading

12 September 2024 _________ Virtual Meeting
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁၂) ရက်၊ ညနေ (၃)နာရီတွင် အဖွဲ့ချုပ် အလုပ်အမှုဆောင်များမှ အရေးပေါ်အစည်းအဝေးတစ်ရပ် ခေါ်ယူကာ နိုင်ငံအတွင်း ဘေးအန္တရာယ်များပေါ်ပေါက်လာပါက အချိန်နှင့်တပြေးညီ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ဘေးအန္တရာယ်တုံ့ပြန်ရေးလုပ်ငန်းအဖွဲ့ (MTF Disaster Response Task Force) အား ဖွဲ့စည်းလိုက်ပြီး လက်ရှိဖြစ်ပေါ်နေသော ရေဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းများ အမြန်ဆုံးပူးပေါင်းလုပ်ဆောင်နိုင်ရန်အတွက် လိုအပ်သည်များအား ညှိနှိုင်းဆွေးနွေးကြပြီး အစည်းအဝေးအား ညနေ (၄)နာရီတွင် ရုတ်သိမ်းလိုက်သည်။