29 February 2024 _____ Hybrid Meeting
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ အလုပ်အမှုဆောင်အဖွဲ့ (အ-၃/၂၃-၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား နေ့လယ် (၁) နာရီတွင် Hybrid စနစ်ဖြင့် ကျင်းပရာ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင်များနှင့် အလုပ်အမှုဆောင်များ၊ ခရီးသွားလုပ်ငန်းတတ်သိပညာရှင် အကြံပေးတို့ တက်ရောက်ခဲ့ကြသည်။
အခမ်းအနား အစီအစဥ်အရ ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ အဖွဲ့ချုပ်၏ ဘဏ္ဍာရေး အခြေအနေအား ဘဏ္ဍာရေးမှူးမှ ရှင်လင်းတင်ပြခြင်း၊ (အ-၂/၂၃-၂၆) အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲအခြေအနေများအား ရုံးအဖွဲ့မှူးမှ ဖတ်ကြားတင်ပြခြင်း၊ အဖွဲ့ချုပ်၏ အမြဲတမ်းကော်မတီများဖြစ်ကြသည့် နိုင်ငံတကာဆက်ဆံရေးနှင့် ရင်းနှီးမြုပ်နှံမှုကော်မတီ၊ ဒစ်ဂျစ်တယ်စီးပွားရေးကော်မတီ၊ ဘဏ္ဍာရေးကော်မတီ၊ သတင်းနှင့်ပြန်ကြားရေးကော်မတီ၊ အနုညာတနှင့် ဥပဒေရေးရာကော်မတီ၊ အသင်းသားရေးရာကော်မတီ၊ သုတေသနနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အသီးအသီးတို့မှ ၄င်းတို့ လုပ်ရှားဆောင်ရွက်မှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဥ်များ တင်ပြဆွေးနွေးခြင်း၊ အထွေထွေဆွေးနွေးခြင်းအစီအစဥ်တွင် အဖွဲ့ချုပ်နှင့် MOU ထိုးကာ The Summer Travel Fair 2024 ခရီးသွားပြပွဲ ကျင်းပရန် တင်ပြလာသည်တို့အား အလုပ်အမှုဆောင်များမှ ဝိုင်းဝန်းအကြံပြု ညှိနှိုင်းဆွေးနွေးကြပြီး ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးအား ညနေ (၄း၄၅)နာရီတွင် ပြီးဆုံးခဲ့သည်။