Loading

27 June 2024 _____ Hybrid Meeting
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ အလုပ်အမှုဆောင်အဖွဲ့ (အ-၄/၂၃-၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယမန်နေ့ နံနက် (၁၀း၀၀) နာရီတွင် Hybrid စနစ်ဖြင့် ကျင်းပရာ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများ၊ ဗဟိုအလုပ်အမှုဆောင်များနှင့် အလုပ်အမှုဆောင်များ၊ ဖိတ်ကြားထားသော အဖွဲ့ချုပ် အကြံပေးပုဂ္ဂိုလ်များနှင့် ခရီးသွားလုပ်ငန်းတတ်သိပညာရှင် အကြံပေးတို့ တက်ရောက်ခဲ့ကြသည်။
အခမ်းအနား အစီအစဥ်အရ ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ အဖွဲ့ချုပ်၏ ဘဏ္ဍာရေး အခြေအနေအား ဘဏ္ဍာရေးမှူးမှ ရှင်လင်းတင်ပြခြင်း၊ (အ-၃/၂၃-၂၆) အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲအခြေအနေများအား ရုံးအဖွဲ့မှူးမှ ဖတ်ကြားတင်ပြခြင်း၊ အဖွဲ့ချုပ်၏ အမြဲတမ်းကော်မတီများမှ သက်ဆိုင်ရာကော်မတီအလိုက် လှုပ်ရှားဆောင်ရွက်မှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဥ်များ တင်ပြဆွေးနွေးခြင်း၊ ညီနောင်အသင်းများ၏ လှုပ်ရှားဆောင်ရွက်မှုများနှင့်ပတ်သက်၍ တက်ရောက်လာသော အသင်းတာဝန်ရှိသူများမှ တင်ပြဆွေးနွေးခဲ့ကြသည်။
အထွေထွေဆွေးနွေးခြင်းအစီအစဥ်တွင် အမှုဆောင်အဖွဲ့ဝင်များ၏ သီးခြားတင်ပြလာသော ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခြင်းနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဥ်တို့အား တက်ရောက်လာကြသူများမှ အကြံပြုဆွေးနွေးကြပြီး အစည်းအဝေးအား ညနေ (၄း၀၀)နာရီတွင် ပြီးဆုံးခဲ့သည်။