Loading

02 August 2024 _____ Hybrid Meeting
၂၀၂၄ ခုနှစ်၊ သြဂုတ်လ (၂) ရက်၊ နံနက် (၁၀း၃၀) နာရီတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ အနုညာတနှင့် ဥပဒေရေးရာကော်မတီ (၅/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား Hybrid စနစ်ဖြင့် ကျင်းပရာ ကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အစီအစဥ်အရ ကော်မတီ ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ဖွဲ့စည်းပုံအခြေခံစည်းမျဥ်းပြင်ဆင်/ဖြည့်စွက်ရန်လိုအပ်သည့် အကြံပြုချက်များအား တက်ရောက်လာသူများမှ ဆွေးနွေးခြင်း၊ လုပ်ငန်းအဖွဲ့မှ ဖွဲ့စည်းပုံစည်းမျဥ်းအပေါ်ဆွေးနွေးရာတွင် ထားရှိရမည့် အခြေခံမူများ၊ လိုက်နာရမည့်အချက်များနှင့် အစည်းအဝေး သဘာပတိ၏ လုပ်ပိုင်ခွင့်များချမှတ်နိုင်ရေးဆွေးနွေးခြင်း၊ အထွေထွေဆွေးနွေးခြင်းအစီအစဥ်တွင် တက်ရောက်လာသူများမှ လိုအပ်သည်များ ဝိုင်ဝန်းအကြံပြုဆွေးနွေးကြပြီး အစည်းအဝေးအား နေ့လယ် (၁း၃၀)တွင် ရုတ်သိမ်းခဲ့သည်။