September 6, 2023 _______ Inya Lake Hotel
ယမန်နေ့ အင်းယားလိတ်ဟိုတယ်တွင် ကျင်းပသော ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌနှင့်ဗဟိုအလုပ်မှုဆောင်များ၊ ညီနောင်အသင်းများမှ တာဝန်ရှိသူများ တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။
အဆိုပါတွေ့ဆုံပွဲတွင် တက်ရောက်လာကြသူများမှ အပြန်အလှန်မိတ်ဆက်ကြပြီးနောက် ဥက္ကဌနှင့် ညီနောင်အသင်းများမှ လက်ရှိခရီးသွားလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ တွေ့ကြုံရသည့် အခက်အခဲများနှင့် ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းများဖွံ့ဖြိုးတို့တက်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို သက်ဆိုင်ရာ ကဏ္ဍအလိုက်အသီးသီးဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးကာ တွေ့ဆုံပွဲအား ည(၇)နာရီတွင် ပြီးဆုံးခဲ့သည်။