Loading

30 January 2025 _____ Hybrid Meeting
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ အလုပ်အမှုဆောင်အဖွဲ့ (အ-၇/၂၃-၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယမန်နေ့ နံနက် (၁၀) နာရီတွင် Hybrid စနစ်ဖြင့် ကျင်းပရာ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှုးနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ်အမှုဆောင်များ၊ အခြားဖိတ်ကြားထားသော ခရီးသွားလုပ်ငန်းတတ်သိပညာရှင်အကြံပေးတို့ တက်ရောက်ခဲ့ကြသည်။
အစီအစဥ်အရ ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ အဖွဲ့ချုပ်၏ ဘဏ္ဍာရေး အခြေအနေအား ဘဏ္ဍာရေးမှူး မှ ရှင်လင်းတင်ပြခြင်း၊ ယခင်အလုပ်အမှုဆောင် အစည်းအဝေးများ၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲအခြေအနေများအား ဖတ်ကြားတင်ပြခြင်း၊ Tourism Master Plan ပြည်လည်ရေးဆွဲခြင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများအား အဖွဲ့ခေါင်းဆောင် ကိုယ်စား ဒေါ်စံမေခင်မှ ရှင်းလင်းတင်ပြခြင်း၊ အဖွဲ့ချုပ်၏ ဘေးအန္တရာယ်တုံ့ပြန်ရေးလုပ်ငန်းအဖွဲ့၏ နေပြည်တော် ညောင်ပင်သာကျေးရွာ ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများနှင့် လက်ရှိဆောင်ရွက်ပြီးစီးမှုများအား အဖွဲ့ခေါင်းဆောင် ဦးမျိုးသွင်မှ ရှင်းလင်းတင်ပြခြင်း၊ အလုပ်အမှုဆောင်ကော်မတီမှ အရေးကြီးကိစ္စရပ်များအား တင်ပြဆွေးနွေးခြင်း၊ အစီအစဥ်အရ ညီနောင်အသင်းများ၏ သက်ဆိုင်ရာအသင်းအလိုက် လှုပ်ရှားဆောင်ရွက်မှုများနှင့် အမြဲတမ်းကော်မတီများမှ သက်ဆိုင်ရာကော်မတီအလိုက် လှုပ်ရှားဆောင်ရွက်မှုများအား တင်ပြခြင်း၊ အထွေထွေဆွေးနွေးခြင်းအစီအစဥ်တွင် တက်ရောက်လာသူများမှ လိုအပ်သည်များအား အကြံပြုဆွေးနွေးကြပြီး ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးအား မွန်းလွဲ (၃)နာရီတွင် ရုတ်သိမ်းလိုက်သည်။