29 May 2025 _____ Hybrid Meeting
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ အလုပ်အမှုဆောင်အဖွဲ့ (အ-၈/၂၃-၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယမန်နေ့ နံနက် (၁၀) နာရီတွင် Hybrid စနစ်ဖြင့် ကျင်းပရာ အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှုးနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ်အမှုဆောင်များ၊ အခြားဖိတ်ကြားထားသော ခရီးသွားလုပ်ငန်းတတ်သိပညာရှင် အကြံပေးတို့ တက်ရောက်ခဲ့ကြသည်။
အစီအစဥ်အရ ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ အဖွဲ့ချုပ်၏ ဘဏ္ဍာရေး အခြေအနေအား ဘဏ္ဍာရေးမှူး မှ ရှင်းလင်းတင်ပြခြင်း၊ ယခင်အလုပ်အမှုဆောင် အစည်းအဝေးများ၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲအခြေအနေများအား ဖတ်ကြားတင်ပြခြင်း၊ ညီနောင်အသင်းများမှ သက်ဆိုင်ရာအသင်းအလိုက် လှုပ်ရှားဆောင်ရွက်မှုများနှင့် အဖွဲ့ချုပ်၏ အမြဲတမ်းကော်မတီများမှ သက်ဆိုင်ရာကော်မတီအလိုက် လှုပ်ရှားဆောင်ရွက်မှုများအားတင်ပြခြင်း၊ အလုပ်အမှုဆောင်ကော်မတီမှ အရေးကြီးကိစ္စရပ်များဖြစ်သော အဖွဲ့ချုပ်ဘဏ္ဍာငွေသုံးစွဲခြင်းနှင့် ရန်ပုံငွေရရှိရေးဆိုင်ရာ ကိစ္စရပ်များ၊ ၂၈.၃.၂၀၂၅ ရက်နေ့တွင် ရန်ကုန်မြို့၊ အင်းယားလိတ်(ခ်) ဟိုတယ်၌ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံပွဲအစည်းအဝေးဆုံးဖြတ်ချက်အရ ဝန်ကြီးဌာနသို့ ပြန်လည်တင်ပြရမည့်ကိစ္စရပ်များအား ဆွေးနွေးခြင်း၊ လက်လက်၍ ခရီးသွားလုပ်ငန်းပင်မစီမံကိန်း ၂၀၂၆-၂၀၃၀ (Tourism Master Plan 2026-2030) မူကြမ်းတင်ပြခြင်းနှင့် ဝန်ကြီးဌာနသို့ ဆက်လက်တင်ပြနိင်ရန် လိုအပ်သည်များအား အကြံပြုဆွေးနွေးခြင်း၊ အထွေထွေဆွေးနွေးခြင်းအစီအစဥ်တွင် တက်ရောက်လာကြသူများမှ လိုအပ်သည်များအား ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး အစည်းအဝေးအား မွန်းလွဲ (၃)နာရီတွင် ရုတ်သိမ်းလိုက်သည်။