10 June 2025 _____ Hybrid Meeting
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ ဖွဲ့စည်းပုံအခြေခံစည်းမျဥ်း ပြင်ဆင်/ဖြည့်စွက်ချက်များနှင့်စပ်လျဥ်း၍ (၃)ကြိမ်မြောက် အစည်းအဝေးအား ယမန်နေ့ နံနက် (၁၀) နာရီတွင် Hybrid စနစ်ဖြင့် ကျင်းပရာ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှုးနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ်အမှုဆောင်များ၊ ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် အဖွဲ့ချုပ်ဥက္ကဋ္ဌမှ အမှာစကားပြောကြားပြီး ဖွဲ့စည်းပုံအခြေခံစည်းမျဥ်းပြင်ဆင်/ဖြည့်စွက်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌမှ လက်ရှိ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ ဖွဲ့စည်းပုံအခြေခံစည်းမျဥ်းအား ကော်မတီအဖွဲ့ဝင်များနှင့်အတူ (၄)လကျော်အတွင်း အကြိမ်ရေ (၁၁)ကြိမ် အစည်းအဝေးများခေါ်ယူကာ ညီနောင်အသင်းများ၊ အဖွဲ့ချုပ် ကော်မတီများနှင့် အသင်းဝင်များ၏ အကြံပြုချက်များနှင့် ပြင်ဆင်/ဖြည့်စွက်ရန်လိုအပ်သည်များအား ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး အများသဘောဖြင့် ပြင်ဆင်/ဖြည့်စွက်ခဲ့ပါကြောင်း၊ ပြင်ဆင်/ဖြည့်စွက်ထားသည့် မူကြမ်းများအားလည်း သက်ဆိုင်ရာ အလုပ်အမှုဆောင်များထံ ကြိုတင်ပေးပို့ထားပြီးဖြစ်ပါကြောင်း၊ အဆိုပါ ပြင်ဆင်/ဖြည့်စွက်မှုများအပေါ် လိုအပ်ပါက ပြန်လည်ရှင်းလင်းပေးမည်ဖြစ်ပါကြောင်း၊ ယနေ့တွင် ဗဟိုအလုပ်အမှုဆောင်များနှင့် အလုပ်အမှုဆောင်များ၊ တက်ရောက်လာကြသူများမှ ပြင်ဆင်/ဖြည့်စွက်ထားသည်များကို ဝိုင်းဝန်းအကြံပြု ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းပြင်ဆင်ရေးဆွဲခြင်းဆိုင်ရာ အစည်းအဝေးဆွေးနွေးချက်အရ စတုတ္တအကြိမ်မြောက်အစည်းအဝေးအား ၁၇-၆-၂၀၂၅ ရက်၊ အင်္ဂါနေ့ တွင် ပြန်လည်ခေါ်ယူကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။