10 July 2025 _____ Hybrid Meeting
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ (၁/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့ နံနက် (၁၀) နာရီတွင် Hybrid စနစ်ဖြင့် ကျင်းပရာ ကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော ခရီးသွားလုပ်ငန်း သုတေသန သင်တန်းများဖွင့်လှစ်နိုင်ရေး အဓိက ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများမှ အကြံပြုဆွေး‌နွေးခဲ့ကြသည်။