16 July 2025 _____ Virtual Meeting
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အသင်းသားရေးရာကော်မတီ၏ (၂/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့ နံနက် (၁၀း၃၀) နာရီတွင် Virtual စနစ်ဖြင့် ကျင်းပရာ ကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အစီအစဥ်အရ ကော်မတီဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ လက်ရှိအသင်းဝင်အင်အားစာရင်းအား တင်ပြခြင်း၊ ၁/၂၀၂၅ ကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများအား အတည်ပြုခြင်းနှင့် ဆောင်ရွက်ဆဲအခြေအနေများအား တင်ပြခြင်း၊ အဖွဲ့ချုပ် အနေဖြင့် အသင်းသားများပိုမိုရရှိနိုင်ရေးအတွက် လှုပ်ရှားမှုများအား ယခင်ကထက် ပိုမိုဆောင်ရွက်သွားနိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်း၊ အသင်းဝင်များအတွက် အွန်လိုင်းဟောပြောပွဲများ ကျင်းပနိုင်ရေး ကိစ္စရပ်များဆွေးနွေးခြင်း၊ Member day ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်း၊ အသင်းဝင် ကော်မတီဝင်များမှ တင်ပြသော အရေးကြီးကိစ္စရပ်များဆွေးနွေးခြင်း၊ အထွေထွေဆွေးနွေးခြင်းအစီအစဥ်တွင် တက်ရောက်လာကြသူများမှ လိုအပ်သည်များ အကြံပြုဆွေးနွေးကြပြီး အစည်းအဝေးအား မွန်းလွဲ ၁၂း၃၀ နာရီတွင် ရုပ်သိမ်းလိုက်သည်။

