23 October 2025 _____ Hybrid Meeting
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ အလုပ်အမှုဆောင်အဖွဲ့ (အ-၉/၂၃-၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယမန်နေ့ နံနက် (၁၀) နာရီတွင် Hybrid စနစ်ဖြင့် ကျင်းပရာ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှုးနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြသည်။
အစီအစဥ်အရ ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ အဖွဲ့ချုပ် ဘဏ္ဍငွေရရှိရေးကျင်းပခဲ့သော “Revive Tourism : A Fundraising Gala” ရှင်းတမ်းနှင့်ပတ်သက်၍ အထွေထွေအတွင်းရေးမှူးမှ ရှင်းလင်းတင်ပြခြင်း၊ အဖွဲ့ချုပ်၏ ဘဏ္ဍာရေး အခြေအနေအား ဘဏ္ဍာရေးမှူး မှ ရှင်းလင်းတင်ပြခြင်း၊ အလုပ်အမှုဆောင်ကော်မတီမှ အရေးကြီးကိစ္စရပ်များ ဖြစ်သော ဘဏ္ဍာငွေရရှိရေး ဆောင်ရွက်နေသော ကိစ္စရပ်များ၊ ခရီးသွားလုပ်ငန်းဆိုင်ရာပြပွဲများသို့ တက်ရောက်နိုင်ရေး ကိစ္စရပ်များ၊ ရုံးသုံးမော်တော်ယာဥ် ပြုပြင်၊ ဝယ်ယူရေးကိစ္စရပ်များ၊ ဝန်ထမ်းရေးရာကိစ္စရပ်များ စသည်တို့အား တင်ပြဆွေးနွေးခြင်း၊ ယခင်အလုပ်အမှုဆောင် အစည်းအဝေးများ၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲအခြေအနေများအား ရုံးအဖွဲ့မှုးမှ ဖတ်ကြားတင်ပြခြင်း၊ ညီနောင်အသင်းများမှ သက်ဆိုင်ရာအသင်းအလိုက် လှုပ်ရှားဆောင်ရွက်မှုများနှင့် အဖွဲ့ချုပ်၏ အမြဲတမ်းကော်မတီများမှ သက်ဆိုင်ရာကော်မတီအလိုက် လှုပ်ရှားဆောင်ရွက်မှုများအား တက်ရောက်သူများမှ တင်ပြခြင်း၊ အထွေထွေဆွေးနွေးခြင်းအစီအစဥ်တွင် တက်ရောက်လာကြသူများမှ လိုအပ်သည်များအား ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး အစည်းအဝေးအား မွန်းလွဲ (၃)နာရီတွင် ရုတ်သိမ်းလိုက်သည်။




