27 November 2025 _____ Hybrid Meeting
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ /စီမံခန့်ခွဲရေးကော်မတီ၏(ဗစ-၈/၂၃-၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယမန်နေ့ နံနက် (၁၀) နာရီတွင် Hybrid စနစ်ဖြင့် ကျင်းပရာ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှုးနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြသည်။အစီအစဥ်အရ ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ အဖွဲ့ချုပ်၏ ဘဏ္ဍာရေး အခြေအနေအား ဘဏ္ဍာရေးမှူးမှ ရှင်းလင်းတင်ပြခြင်း၊ ယခင်အလုပ်အမှုဆောင် အစည်းအဝေးများ၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲအခြေအနေများအား ရုံးအဖွဲ့မှုးမှ ဖတ်ကြားတင်ပြခြင်း၊ ဆက်လက်၍ တက်ရောက်လာသည့် ဗဟိုအလုပ်အမှုဆောင်များမှ ပြင်ဆင်ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံစည်းမျဥ်း လက်ရှိအခြေအနေအား တင်ပြခြင်း၊ ဆက်လက်ဆောင်ရွက်ရန် အချက်များ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခြင်း၊ အမျိုးသားပို့ကုန် မဟာဗျူဟာ (၂၀၂၆-၂၀၃၀) ဆက်လက်အကောင်အထည်ဖော်နိုင်ရေးအတွက် ကဏ္ဍအလိုက် လုပ်ငန်းစီမံချက်များ ရေးဆွဲပေးပို့ရန်နှင့် ကဏ္ဍအလိုက် ကော်မတီအဖွဲ့ဝင် အမည်စာရင်းများပေးပို့နိုင်ရေး ဆွေးနွေးခြင်း၊ အမြဲတမ်းကော်မတီများမှ သက်ဆိုင်ရာကော်မတီအလိုက် လှုပ်ရှားဆောင်ရွက်မှုများအား ဆွေးနွေးတင်ပြခြင်း၊ အထွေထွေဆွေးနွေးခြင်းအစီအစဥ်တွင် တက်ရောက်လာကြသူများမှ လိုအပ်သည်များအား ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး အစည်းအဝေးအား မွန်းလွဲ (၃)နာရီတွင် ရုပ်သိမ်းလိုက်သည်။



