Loading

02 August 2024 _________ MTF
၂၀၂၄ ခုနှစ်၊ သြဂုတ်လ (၂) ရက်၊ နေ့လယ် (၂း၀၀) နာရီတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်သို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး (ရန်ကုန်) မှ သံမှူး Mr. Li Qianguo နှင့် လက်ထောက်အတွင်းဝန် ဒေါ်နှင်းပုလဲတို့မှ လာရောက်တွေ့ဆုံရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန (ရန်ကုန်)တိုင်းမှ ဒုတိယညွှန်ကြားရေးမှူး၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ ဧည့်လမ်းညွှန်ရေးရာလုပ်ငန်းအဖွဲ့ တာဝန်ရှိသူများမှ လက်ခံတွေ့ဆုံခဲ့ကြသည်။
ပထမဦးစွာ ဧည့်လမ်းညွှန်ရေးရာလုပ်ငန်းအဖွဲ့တာဝန်ရှိသူများမှ မိတ်ဆက်စကားပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး (ရန်ကုန်) မှ သံမှူး Mr. Li Qianguo မှ ယနေ့ ဧည့်လမ်းညွှန်ရေးရာလုပ်ငန်းအဖွဲ့အား တွေ့ဆုံခွင့်ရလို့ ကျေးဇူးတင်ရှိပါကြောင်း၊ မကြာခင်က အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ရန်ကုန်တိုင်း မှတာဝန်ရှိသူများနှင့်လည်း တွေ့ဆုံခဲ့ပါကြောင်း၊ ယနေ့လာရောက်တွေ့ဆုံရသည့်ရည်ရွယ်ချက်မှာ နှစ်နိုင်ငံခရီးသွားလာရေးတွင် ပြည်တွင်းသို့ဝင်ရောက်လာသော ဧည့်သည်များအား ကြိုဆိုဧည့်ခံရသော ဧည့်လမ်းညွှန်လုပ်ငန်းနှင့်ပတ်သက်၍ လာရောက်ဆွေးနွေးလိုခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတခု၏ ခရီးသွားလုပ်ငန်းတွင် ဧည့်လမ်းညွှန်များဟာလည်း အလွန်အရေးကြီးပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် တခါးဖွင့်မူဝါဒနှင့်အတူ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်းဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံ၏ ခရီးသွားလုပ်ငန်းတွင် Domestic, Inbound နဲ့ Outbound ဆိုပြီး ခရီးသွားလုပ်ငန်းများ (၃)ခုရှိပါကြောင်း ဆက်လက်ပြီး မြန်မာ့ခရီးသွားလုပ်ငန်း၏ ဧည့်လမ်းညွှန်လုပ်ငန်းများနှင့်ပတ်သက်၍ သိလိုသည်များ မေးမြန်းပြီး ဧည့်လမ်းညွှန်ရေးရာလုပ်ငန်းအဖွဲ့ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားကာ ဧည့်လမ်းညွှန်လုပ်ငန်းများနှင့်ပတ်သက်၍ ပူးပေါင်းလုပ်ဆောင်နိုင်ရေး ညှိနှိုင်းဆွေးနွေးကြပြီး အမှတ်တရ ဓါတ်ပုံများရိုက်ကူးကာ အစည်းအဝေးအား နေ့လယ်(၃)နာရီတွင် ရုတ်သိမ်းခဲ့သည်။