Loading

11 July 2024 _________ MTF
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်၊ နံနက် (၁၀း၀၀) နာရီတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်သို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး (ရန်ကုန်) မှ သံမှူး Mr. Li Qianguo ၊ ပထမအတွင်းဝန် Mr. Zhang Zhong Ming နှင့် လက်ထောက်အတွင်းဝန် ဒေါ်နှင်းပုလဲတို့မှ လာရောက်တွေ့ဆုံရာ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များက လက်ခံတွေ့ဆုံပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး (ရန်ကုန်) မှ သံမှူး Mr. Li Qianguo မှ ယခုလို ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအားတွေ့ဆုံရသည့်အတွက် အထူးဝမ်းမြှောက်ပါကြောင်းနှင့် လာရောက်တွေ့ဆုံသည့် ရည်ရွယ်ချက် (၂)ခုရှိပါကြောင်း၊ ပထမဆုံးအနေဖြင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား တွေ့ဆုံ မိတ်ဆက်လိုခြင်းကြောင့် လာရောက်ခြင်းဖြစ်ပါကြောင်း၊ နောက်တစ်ခုအနေဖြင့် အချင်းအချင်းအကြား ခရီးသွားလုပ်ငန်းအတွက် အမြင်ချင်း ဖလှယ်နိုင်ရန် လာရောက်ခြင်းဖြစ်ပါကြောင်း၊ ၄င်းနောက် အပြန်အလှန်မိတ်ဆက်ကာ မြန်မာ-တရုတ်ခရီးသွားလုပ်ငန်း ဖလှယ်ရေးနှင့် စပ်လျဥ်းသည့် ကိစ္စရပ်များအား အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီးနောက် အဖွဲ့ချုပ်ဥက္ကဋ္ဌမှ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်သည် မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသော ပုဂ္ဂလိကကဏ္ဍမှ အဖွဲ့အစည်းတစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံတကာမှခရီးသွားများ လာရောက်လည်ပတ်အောင် ဦးတည်ဆောင်ရွက်ရာတွင် တရုတ်နိုင်ငံမှ ခရီးသွားများသည် အဓိကပါဝင်ပါကြောင်း၊ ခရီးသွားကဏ္ဍအပြင် အခြားစီးပွားရေး ကဏ္ဍများတွင်လည်း လုပ်ဆောင်နေသော လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းများလည်း ရှိပါကြောင်း၊ သံမှူးနှင့် ယခုမှ တွေ့ဆုံရသော်လည်း မြန်မာ-တရုတ်ချစ်ကြည်ရေးနှင့် ပေါင်းသင်းဆက်ဆံရေးမှာ နှစ်ပေါင်းများစွာကြာမြှင့်ပြီးဖြစ်ပါကြောင်း၊ အခြေအနေအရ အခက်အခဲများရှိနေသော်လည်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရာတွင် ခရီးသွားကဏ္ဍအပြင် အခြားကဏ္ဍများတွင်လည်း ဆွေးမျိုးပေါက်ဖော် စိတ်ဓါတ်ဖြင့် အတူပူး‌ပေါင်းဆောင်ရွက်ရန် အမြဲအဆင်သင့်ရှိနေပါကြောင်း နိဂုံးချုပ်ပြောကြားကာ အမှတ်တရဓါတ်ပုံရိုက်ကူးကြပြီး တွေ့ဆုံပွဲအား နံနက် (၁၁း၃၀)တွင် ရုတ်သိမ်းခဲ့သည်။