22 September 2025 _____ Hybrid Meeting
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၂၂) ရက်၊ နံနက် (၁၀)နာရီတွင် မြန်မာ့လက်မှုအနုပညာအသင်းမှ ဥက္ကဋ္ဌ ဒေါ်အိအိထွေးနှင့် တာဝန်ရှိသူများမှ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်သို့ လာရောက်တွေ့ဆုံရာ အဖွဲ့ချုပ်၏ ဒုတိယ ဥက္ကဋ္ဌများနှင့် အထွေထွေအတွင်းရေးမှူးတို့မှ လက်ခံတွေ့ဆုံခဲ့ကြသည်။
ပထမဦးစွာ အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌမှ ကြိုဆိုနှုတ်ဆက်စကားပြောကြားပြီး၊ မြန်မာ့လက်မှုအနုပညာအသင်းမှ ဥက္ကဋ္ဌ ဒေါ်အိအိထွေးမှ အဖွဲ့ချုပ်၏ လှုပ်ရှားဆောင်ရွက်နေမှုများနှင့် အတူ အသင်းတိုးတက်ရေးအတွက် ပူးပေါင်းလုပ်ဆောင်လို၍ လာရောက်တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ ပြပွဲများတွင် ပါဝင်ပြသသွားနိုင်ရေး၊ မြန်မာ့လက်မှုထုတ်ကုန်များ ပိုမိုကောင်းမွန်အောင် အဆင့်မြှင့်တင်နိုင်ရေး စသည့်ကိစ္စရပ်များအပါအဝင် ရှေ့ဆက်ဆောင်ရွက်သွားမည့်လုပ်ငန်းအများအတွက် ထိရောက်စွာဆောင်ရွက်နိုင်ရန် MoU ရေးထိုးချင်ပါကြောင်းပြောကြားပြီး အဖွဲ့ချုပ်မှ လိုအပ်သည်များအား အပြန်အလှန်ဆွေးနွေးကာ အစည်းအဝေးအား (၁၁း၃၀)တွင် ရုတ်သိမ်းလိုက်သည်။

