13-16 December 2025 ______ Phnom Penh, Cambodia
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် (၄) ကြိမ်မြောက် ကမ္ဘောဒီးယား–မြန်မာ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေး၊ ကမ္ဘောဒီးယား–လာအို–မြန်မာ–ဗီယက်နမ် အစားအစာပြပွဲနှင့် ကုန်းလမ်းနှင့် နယ်စပ်ဖြတ်ကျော် ခရီးသွားလုပ်ငန်း လွယ်ကူချောမွေ့စေရေး ဆွေးနွေးပွဲများသို့ မြန်မာနိုင်ငံမှ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF) အပါအဝင် ညီနောင်အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြသည်။
အဆိုပါ အစည်းအဝေးတွင် နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး၊ ၂၀၂၆–၂၀၂၇ ခုနှစ် လုပ်ငန်းစီမံကိန်းရေးဆွဲမှု၊ နားလည်မှုစာချွန်လွှာ (MoU) များရေးထိုးနိုင်ရေးနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းပါဝင်ရေးဆိုင်ရာ ကိစ္စရပ်များကို အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။
ထို့အပြင် CLMV အစားအစာပြပွဲတွင် မြန်မာ့အစားအစာများနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများကို မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းအဖွဲ့များမှ ပါဝင်ပြသခဲ့ပြီး ကုန်းလမ်းနှင့် နယ်စပ်ဖြတ်ကျော် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းများ၊ စိန်ခေါ်မှုများကို အဖွဲ့ဝင်နိုင်ငံများအကြား ဖလှယ်ဆွေးနွေးခဲ့ကြပါသည်။
၂၀၂၆ ခုနှစ် ဇွန်လတွင် မြန်မာနိုင်ငံမှ မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ်–၂၀၂၆ ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး အဆိုပါဖိုရမ်ကာလအတွင်း (၅) ကြိမ်မြောက် ကမ္ဘောဒီးယား–မြန်မာ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေးကိုလည်း မြန်မာနိုင်ငံ၌ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။



