Loading

03 September 2024 _________ Hybrid Meeting
သုတေသနနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏(၂/၂၀၂၄) အစည်းအဝေးအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၃) ရက်၊ နေ့လယ် (၂)နာရီတွင် ကျင်းပရာ ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ယဥ်ကျေးမှုနှင့် ခရီးသွားလာရေးဌာန၏ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းတို့မှ ဟိုတယ်နှင့်ခရီးသွားလာရေးသင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက်ညှိနှိုင်းဆွေးနွေးရာတွင် ထည့်သွင်းသင်ကြားပေးမည့် သင်ရိုးညွှန်းတမ်းများ၊ သင်တန်းအမျိုးအစားများ၊ သင်တန်းကာလနှင့် အမြန်ဆုံးဖွင့်လှစ်သွားနိုင်ရေး နှိုင်းဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအား (၃)နာရီခွဲတွင် ရုတ်သိမ်းခဲ့သည်။