24 February 2025 _______ Inya Lake Hotel, Yangon
ရန်ကုန်မြို့၊ အင်းယားလိတ်ဟိုတယ်တွင် ကျင်းပသော ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်းနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌနှင့်ဗဟိုအလုပ်မှုဆောင်များ၊ အကြံပေးပုဂ္ဂိုလ်များ၊ ညီနောင်အသင်းများ၏ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားအစီအစဥ်အရ ပြည်ထောင်စုဝန်ကြီးမှ နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ ၄င်းနောက် အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ညီနောင်အသင်းတာဝန်ရှိသူများမှ ပြည်ထောင်စုဝန်ကြီးသို့ မိတ်ဆက်စကားပြောကြားခြင်း၊ ဆက်လက်ပြီး အဖွဲ့ချုပ်ဥက္ကဋ္ဌက မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့်ပတ်သက်၍ Presentation ဖြင့် ရှင်းလင်းတင်ပြခြင်း၊ လက်ရှိခရီးသွားလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ တွေ့ကြုံနေရသည့် အခက်အခဲများနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတို့တက်ရေးအတွက်ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များကို အဖွဲ့ချုပ်နှင့် အသင်းတာဝန်ရှိ ပုဂ္ဂိုလ်များမှ အသီးသီးဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက တင်ပြဆွေးနွေးမှုများအပေါ် ပြန်လည်ညှိနှိုင်းဆွေးနွေးပြီး နိဂုံးချုပ်စကားပြောကြားကာ တွေ့ဆုံပွဲအား ညနေ(၄)နာရီတွင် ရုတ်သိမ်းခဲ့သည်။