Loading

13 June 2024 _____ Hybrid Meeting
၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၃) ရက်၊ နံနက် (၁၀း၃၀) နာရီတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ အနုညာတနှင့် ဥပဒေရေးရာကော်မတီ၏ (၃/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား Hybrid စနစ်ဖြင့် ကျင်းပရာ ကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပြင်ပ ဥပဒေအကြံပေးပညာရှင်တို့ တက်ရောက်ကြပြီး အစည်းအဝေးတွင် ၃၁.၅.၂၀၂၄ ရက်နေ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ အဖွဲ့ချုပ် ဖွဲ့စည်းပုံအခြေခံစည်းမျဥ်း (၂၀၂၃)အပေါ် လက်ရှိအခြေအနေများနှင့် ကိုက်ညီစေရန်အတွက်  ပြင်ဆင်၊ ဖြည့်စွက်ရန်လိုအပ်သည်တို့အား ညှိနှိုင်းဆွေးနွေးခြင်း၊ ပြင်ဆင်ဖြည့်စွက်ရာတွင် အသင်းဝင်များနှင့် ညီနောင်အသင်းများ၏ ပြင်ဆင် ဖြည့်စွက်လိုသည့် အကြံပြုချက်များတောင်းခံ၍ ကော်မတီတွင် ဦးစွာ ဆွေးနွေးပြီး ရလဒ်များအား ဗဟိုအလုပ်အမှုဆောင် ပုံမှန်အစည်းအဝေးများသို့ တင်ပြနိုင်ရေး ဆွေးနွေးခဲ့ကြသည်။ အထွေထွေဆွေးနွေးခြင်းတွင် တက်ရောက်လာကြသူများနှင့် ဥပဒေပညာရှင်တို့မှ ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအား နေ့လယ် (၁း၀၀)တွင် ပြီးဆုံးခဲ့သည်။