26 November 2025 ______ Virtual Meeting
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အသင်းသားရေးရာကော်မတီ၏ (၄/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့ နံနက် (၁၁း၀၀) နာရီတွင် Virtual စနစ်ဖြင့် ကျင်းပရာ ကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အစီအစဥ်အရ ကော်မတီဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ လက်ရှိအသင်းဝင်အင်အားစာရင်းအား တင်ပြခြင်း၊ ၃/၂၀၂၅ ကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများအား အတည်ပြုခြင်းနှင့် ဆောင်ရွက်ဆဲအခြေအနေများအား တင်ပြခြင်း၊ ကော်မတီရေးရာ ကိစ္စရပ်များနှင့်စပ်လျဥ်း၍ ဆွေးနွေးခြင်း၊ Tourism SME ကိစ္စရပ်များနှင့်စပ်လျဥ်း၍ ဆွေးနွေးခြင်း၊ အထွေထွေဆွေးနွေးခြင်းအစီအစဥ်တွင် တက်ရောက်လာကြသူများမှ လိုအပ်သည်များ အကြံပြုဆွေးနွေးကြပြီး အစည်းအဝေးအား မွန်းလွဲ ၁၂း၀၀ နာရီတွင် ရုပ်သိမ်းလိုက်သည်။

