Loading

23 September 2024 _____ Hybrid Meeting
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက်၊ နံနက် (၁၁) နာရီတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ အသင်းသားရေးရာကော်မတီ၏ (၄/၂၀၂၄)ကြိမ်မြှောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား Hybrid စနစ်ဖြင့် ကျင်းပရာ ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
အစီအစဥ်အရ ကော်မတီ ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ လက်ရှိအသင်းဝင်အင်အားစာရင်းတင်ပြခြင်းနှင့် အသင်းဝင်သစ်စာရင်းအား အတည်ပြုမှတ်တမ်းတင်ခြင်း၊ ၃/၂၀၂၄ ကြိမ်မြှောက် ကော်မတီအစည်းအဝေးဆုံးဖြတ်ချက်အပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲအခြေအနေများအား တင်ပြခြင်း၊ အထွေထွေဆွေးနွေးခြင်းအစီအစဥ်တွင် အသင်းဝင်အသစ်များအား အတည်ပြုဆွေးနွေးခြင်း၊ ဧည့်လမ်းညွှန်မွမ်းမံသင်တန်းဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်း၊ ကော်မတီဝင်များမှ တင်ပြလာသော အရေးကြီးကိစ္စရပ်များအား ညှိနှိုင်းဆွေးနွေးကြပြီး အစည်းအဝေးအား နေ့လယ် (၁)နာရီတွင် ရုတ်သိမ်းလိုက်သည်။