23 December 2024 _____ Hybrid Meeting
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်၊ နံနက် (၁၁) နာရီတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ အသင်းသားရေးရာကော်မတီ၏ (၅/၂၀၂၄)ကြိမ်မြှောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား Hybrid စနစ်ဖြင့် ကျင်းပရာ ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
အစီအစဥ်အရ ကော်မတီ ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ လက်ရှိအသင်းဝင်အင်အားစာရင်းတင်ပြခြင်းနှင့် အသင်းဝင်သစ်စာရင်းအား အတည်ပြုမှတ်တမ်းတင်ခြင်း၊ ၄/၂၀၂၄ ကြိမ်မြှောက် ကော်မတီအစည်းအဝေးဆုံးဖြတ်ချက်အပေါ် ဆောင်ရွက်ပြီးစီးမှုအား အတည်ပြုခြင်းနှင့် ဆောင်ရွက်ဆဲအခြေအနေများအား တင်ပြခြင်း၊ ကော်မတီဝင်များမှ တင်ပြသော အရေးကြီးကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခြင်း၊ UMFCCI ဥက္ကဋ္ဌနှင့် ညီနောင်အသင်းများတွေ့ဆုံပွဲ၏ အသင်းသားရေးရာကိစ္စရပ်များ တင်ပြခြင်း၊ အဖွဲ့ချုပ်၏ ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်နိုင်ရေးကိစ္စနှင်ပတ်သက်၍ညှိနှိုင်းဆွေးနွေးခြင်းနှင့် အထွေထွေဆွေးနွေးခြင်းအစီအစဥ်တွင် တက်ရောက်လာသူများမှ လိုအပ်သည်များအား ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး အစည်းအဝေးအား နေ့လယ် (၁)နာရီတွင် ရုတ်သိမ်းခဲ့သည်။