27 September 2025 _____ Nap Pyi Taw
၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားကို စက်တင်ဘာလ (၂၇) ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြုလုပ်ရာ အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့နှင့် ပတ်သက်၍ တက်ရောက်အမှာစကားပြောကြားခဲ့ပြီး ဝန်ဆောင်မှုစွမ်းဆောင်ရည်အကောင်းဆုံးဆုရရှိသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်များနှင့် ဖက်စပ်ဟိုတယ်များ၊ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ် စာတမ်းဖတ် ပြိုင်ပွဲနှင့် ရောင်စုံဓာတ်ပုံပြိုင်ပွဲများတွင် ဆုရရှိကြသူများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ပြီး တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။