8 July 2025 _____ Hybrid Meeting
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ ဖွဲ့စည်းပုံအခြေခံစည်းမျဥ်း ပြင်ဆင်/ဖြည့်စွက်ချက်များနှင့်စပ်လျဥ်း၍ (၇)ကြိမ်မြောက် အစည်းအဝေးအား ယနေ့ နံနက် (၁၀) နာရီတွင် Hybrid စနစ်ဖြင့် အပတ်စဥ် ဆက်လက်ကျင်းပရာ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ်အမှုဆောင်များ၊ အဖွဲ့ချုပ် အကြံပေးများ၊ ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ၊ ခရီးသွားလုပ်ငန်းတတ်သိပညာရှင်များ တက်ရောက်ခဲ့ကြသည်။
ယနေ့တွင် အဖွဲ့ချုပ်၏ ဒုတိယ ဥက္ကဋ္ဌများ ဖွဲ့စည်းရေးနှင့် ညီနောင်အသင်းများမှ ဥက္ကဋ္ဌများအပါအဝင် ညီနောင်အသင်းများ၏ ကိုယ်စားပြု ညီနောင်အသင်းသားများအား အဖွဲ့ချုပ်၏ အလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် ထည့်သွင်းဖွဲ့စည်းနိုင်ရေး  အဓိက ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။