Loading

3 September 2024 _____ Hybrid Meeting
အပတ်စဥ် ကျင်းပနေသော Tourism Master Plan ပြန်လည်ရေးဆွဲခြင်း ဆွေးနွေးပွဲအား နံနက် (၁၀)နာရီတွင် ကျင်းပရာ အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ ပြန်လည်ရေးဆွဲရေးအဖွဲ့ဝင်များ အခြားဖိတ်ကြားထားသော အဖွဲ့ချုပ် အကြံပေးပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။
ပထမဦးစွာ အပတ်စဥ်ဆွေးနွေးခဲ့သော ယခင်ရလဒ်များအပေါ် ရှင်းလင်းတင်ပြခြင်း၊ ယခုတပတ်တွင် မဟာဗျူဟာလုပ်ငန်းစဥ်များ၊ ပြန်လည်ပြင်ဆင်မည့် Implementation Arrangements Structure ၊ SWOT Analysis, Tourism products and destinations စသည့် ခေါင်းစဥ်များအပေါ် အသေးစိတ် ဆွေးနွေးခဲ့ကြပြီး နေ့လယ် (၂)နာရီတွင် ဆွေးနွေးပွဲအား ရုတ်သိမ်းခဲ့သည်။