Loading

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်၊ နံနက် ၉ နာရီတွင် ယူနန်ပြည်နယ် Mangshi City, Dehong Prefecture မှ ဒါရိုက်တာ Ms Yang Yan နှင့် အဖွဲ့ဝင် (၄)ဦးတို့သည် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်သို့ လာရောက်တွေ့ဆုံရာ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ မြန်မာ-တရုတ်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများ လက်ခံတွေ့ဆုံခဲ့ကြသည်။
ပထမဦးစွာ အပြန်အလှန်မိတ်ဆက်စကားပြောကြားပြီး Ms Yang Yan မှ ယခုလိုလှိုက်လှဲစွာလက်ခံကြိုဆိုတဲ့အတွက် ကျေးဇူးတင်ပါကြောင်း၊ ဇန်နဝါရီလ ၂၂ မှ ၂၆ ရက်နေ့ထိ ရန်ကုန်မြို့တွင် ကျင်းပနေသည့် Welcoming the Spring Festival သို့ လာရောက်ရင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် သို့ လာရောက်တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ ယူနန်ပြည်နယ် Mangshi မြို့နှင့် မြန်မာနိုင်ငံတို့အကြား အတူတကွပူးပေါင်းပြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံဆွေးနွေးရန် လာရောက်ခြင်းဖြစ်ပါကြောင်း ဆက်လက်ပြီး Mangshi မြို့၏ တည်နေရာ၊ ယဥ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းများအကြောင်း ရှင်းလင်းတင်ပြခဲ့သည်။ ၄င်းနောက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး မှ ယခုလို ဧည်သည်တော်များအနေဖြင့် Mangshi မြို့မှ လာရောက်တွေ့ဆုံမှုအား ကြိုဆိုပါကြောင်း၊ မြန်မာ-တရုတ်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် MTF အနေနဲ့ ဘာများဆောင်ရွက်ပေးစေချင်တယ်ဆိုတာ သိရှိလိုပါကြောင်းနှင့် တက်ရောက်သူများမှ သိလိုသည်များအား ပြန်လည်မေးမြန်းကာ အမှတ်တရဓါတ်ပုံများရိုက်ကူးကြပြီး တွေ့ဆုံပွဲအား နံနက် (၁၁)နာရီတွင် ရုတ်သိမ်းလိုက်သည်။